နိုင်ငံတဝှမ်း ၀က်သက်−ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) မကွေးတိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းပွဲကျင်းပ

မကွေးမြို့၊ (၂၀၁၉) ခုနှစ်၊ နို၀င်ဘာလ (၁၄) ရက်

     နိုင်ငံတဝှမ်း ၀က်သက်−ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) မကွေးတိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းပွဲကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နံနက် (၉:၃၀) အချိန်တွင် ကျင်းပသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကားပြောကြားရာတွင် ရင်သွေးငယ်များ၏ ကျန်းမာရေးပြဿနာများကို ဘက်ပေါင်းစုံ ၊ကဏ္ဍပေါင်းစုံမှာ ဖြေရှင်းဆောင်ရွက်လျှက်ရှိရာ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းသည် ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ၀က်သက်−ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းဖြင့် ကလေးများအား ၀က်သက်−ဂျိုက်သိုးရောဂါ ကာကွယ်မှုပေးနိုင်ခြင်း၊ ၀က်သက်ရောဂါကပ်အသွင် ဖြစ်ပွားမှုအား ကာကွယ်တားဆီးနိုင်ခြင်းနှင့် မွေးရာပါဂျိုက်သိုးရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မည် ဖြစ်သည့်အတွက် များစွာ ၀မ်းမြောက်ကြောင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က မကွေးတိုင်းဒေသကြီးအတွင်း ၀က်သက်−ဂျိုက်သိုးရောဂါ အပိုဆောင်း ထိုးနှံခြင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကို တင်ပြသည်။

 

     အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လူမှုရေး၀န်ကြီး ဒေါက်တာခင်မောင်အေး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်၊ ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

More Tags