နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံမြို့၊၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်                

      ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်း လုပ်ငန်း ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲအခမ်းအနားကို (၂၃-၁၀-၂၀၁၉) ရက်နေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူးမှ တက်ရောက်အဖွင့်မိတ်ခွန်း ပြောကြား ခဲ့ပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ရှိသူမှ ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း အသိပေး ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ခံများ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ကြပါသည်။

 

More Tags