နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံမြို့၊၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်                    

      ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို (၂၅-၁၀-၂၀၁၉) ရက်နေ့ နံနက် (၈) နာရီတွင် ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထို့နောက် ပြည်နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ခံများ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကာကွယ်ဆေးထိုးစုရပ်များသို့ လှည့်လည်ကြည့်ရှုခဲ့ကြကာ ကာကွယ်ဆေးထိုးကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးဝေခဲ့ကြပါသည်။

 

More Tags