နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနားခရီးစဉ်တွင် ဆေးအကာအကွယ်ပေး စောင့်ရှောက်မှုများဆောင်ရွက်

မြစ်ကြီးနား၊ အောက်တိုဘာ (၁၉)ရက်

     ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၁၉)ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မြစ်ကြီးနားမြို့နယ်၊ ပလန(၁) စိန်ဂျိုးဇက်ကက်သလစ်အသင်းတော် နေရပ်စွန်ခွာပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားအား ကျင်းပြခဲ့ရာ ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဆေးအကာအကွယ်ပေးစောင့်ရှောက်မှု (Medical Cover)များ လိုက်ပါဆောင်ရွက်ပေးခဲ့ပါသည်။

 

 

     ဆေးအကာအကွယ်ပေးစောင့်ရှောက်ရေးအသင်း(Medical Cover Team)တွင်

(၁) ယာဉ်တန်းဆေးအကာအကွယ်ပေးအဖွဲ့

     -ဒေါက်တာနေဝင်း၊ အထူးကုဆရာဝန်ကြီး(ဆေးပညာ)ဦးဆောင်သောအဖွဲ့

(၂)နေရာအလိုက် ဆေးအကာအကွယ်ပေးအဖွဲ့များ

     -လေဆိပ်၊ ရွှေမိုးတောင်စေတီ၊ Palm Spring Hotel၊ ပလနစိန့်ဂျိုးဇက် Camp၊ တောင်တန်းဒေသကျောင်းသား/သူ များစောင့်ရှောက်ရေးဂေဟာ၊ လုံဂါပါ စားသောက်ဆိုင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ တပ်ကုန်း အင်ဂျန်ဒုံ Camp တွင် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဆရာဝန်များ ဦးစီးသော ဆေးအဖွဲ့များ

 

 

(၃) အစားအသောက်လုံခြုံရေးအဖွဲ့

     -လေဆိပ်၊ Palm Spring Hotel ၊ လုံဂါပါ စားသောက်ဆိုင် တို့တွင် ပြည်နယ်အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ

 

(၄) အရန်အဖွဲ့

     -ပြင်ပလူနာဌာန ၊မြစ်ကြီးနားဆေးရုံကြီး-ဒေါက်တာလအောင် လ/ထအထူးကုဆရာဝန် (ဆေးပညာ)ဦးစီးသောအဖွဲ့

     - Ambulance တစ်စီးနှင့် ဆရာဝန် (၁)ဦးဦးဆောင်သောဆေးအဖွဲ့

     - Ambulance တစ်စီးနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဒေါင်ဟောင်းဦးဆောင်သော တပ်ဖွဲ့ဝင် (၅၀)ဦး

 

(၅) အုပ်ချုပ်မှုအဖွဲ့

     - ယာဉ်တန်းတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးဒေါက်တာကျော်စိုး၊ မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်၊ ဒုပြည်နယ်ကုသ​ရေးဦးစီးမှူး ဒေါက်တာစိန်အေး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လ/ထညွှန်မှူး(စီမံ/ဘဏ္ဍာ) ဦးဝင်းအောင်မော်၊ ဦးစီးအရာရှိ(အုပ်ချုပ်/စီမံ) ဒေါ်အေးသန္တာတို့ပါဝင်ခဲ့ကြပါသည်။

 

 

 

More Tags