နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကူးစက်ရောဂါစောင့်ကြပ်စစ်ဆေးခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ် သင်တန်းကျင်းပ

လဟယ်မြို့၊ မတ်လ (၂၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကူးစက်ရောဂါများ စောင့်ကြပ်စစ်ဆေးခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် Training on Surveillance System and Response to Public Health Threats in Naga Land (၂၀.၃.၂၀၁၉)ရက်နေ့တွင် လဟယ်မြို့ ပြည်သူ့ဆေးရုံ၌ စတင်ကျင်းပခဲ့ရာ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ တိုင်းဒေသကြီးကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူများနှင့် လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

 

     အဆိုပါသင်တန်းကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ တိုင်းဒေသကြီးကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ သင်တန်းဆရာများက သင်တန်းပို့ချခဲ့ပြီး လဟယ်မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်း (၉၂) ဦးတက်ရောက်ခဲ့ကာ သင်တန်းကို (၂၀.၃.၂၀၁၉ မှ ၂၃.၃.၂၀၁၉) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

More Tags