ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ယဉ်ကျေးမှုအမွေအနှစ်ဆု ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပင်းတယမြို့၊ မတ်လ(၁၆)ရက်

     ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဝတ္တကနယ်မြေအတွင်း "ဆေးလိပ်ငွေ့ကင်းစင်ယဉ်ကျေးမှုအမွေအနှစ်ဆု" ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို ပင်းတယမြို့၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ဂုဏ်ပြုစကားပြောကြားပါသည်။


 

    ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဍ်မှ ပင်းတယ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဍ်နှင့် ရွှေဥမင်ဘုရားဂေါပက အဖွဲ့ဥက္ကဌ ဦးခင်မောင်ဦးထံ ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှုအမွေအနှစ်ဆုအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက်မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။

More Tags