ဒူးယားမြို့၌ မြို့နယ်ပြည်သူ့၀န်ဆောင်မှုရုံး၏ ရွေ့လျား၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်း အခမ်းအနားပြုလုပ်

ဒူးယားမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်

     ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဒူးယားမြို့တွင် (၂၂-၈-၂၀၁၉) ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ပြည်သူ့ကျန်းမာရေး၀န်ထမ်းများပါ၀င်ပြီး မြို့နယ်လူ၀န်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပါ၀င်ပြီး မြို့နယ် ပြည်သူ့၀န်ဆောင်မှုရုံး၏ ရွေ့လျား၀န်ဆောင်မှုအဖြစ် ပူးပေါင်းဆောင်ရွက်ကာ ပြည်သူလူထုအား ဆောင်ရွက်ပေးခဲ့ကြပါသည်။

More Tags