ဒီးမော့ဆိုမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် သွားကျန်းမာရေး ကွင်းဆင်းဆောင်ရွက်

ဒီးမော့ဆိုမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၃) ရက်

     ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲမှ ဒေါက်တာကျော်နိုင်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် မြို့နယ်သွားကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်း၍ (၃.၉.၂၀၁၉) ရက်နေ့မှ (၅.၉.၂၀၁၉) ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ကွင်းဆင်း၍ သွားကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခဲ့ပါသည်။ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား/သူ (၄၂၇) ဦးအား အခြေခံသွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်း သိကောင်းစရာ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေး သွားကျန်းမာရေးအကြောင်းနှင့် စနစ်မှန် သွားတိုက်နည်းတို့ကို လက်တွေ့သရုပ်ပြ သင်ကြားပေးခြင်းများ၊ ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး လူနာ (၁၂၁) ဦးအား သွားနှင့်ခံတွင်းရောဂါများ ကုသပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

More Tags