ထားဝယ်မြို့နယ် ပကာရီကျေးလက်ကျန်းမာရေးဌာနတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ထားဝယ်၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးလက်ကျန်းမာရေးဌာနတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု၊ အာဟာရပြည့်ဝမျှတစွာ စားသောက်တတ်စေရန် ချက်ပြုတ်သရုပ်ပြခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ပကာရီကျေးလက်ကျန်းမာရေးဌာနတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့်ပက်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ အာဟာရပြည့်ဝမျှတစွာ စားသောက်တတ်စေရန် ဒေသထွက်၊ အာဟာရပြည့်တန်ဖိုးသင့် အစားအစာများကို ချက်ပြုတ်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ငါးနှစ်အောက်ကလေးမိခင်များမှ စနစ်တကျ လက်ဆေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ ငါးနှစ်အောက်ကလေးမိခင် (၃၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။

More Tags