ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများဆောင်ရွက်

ထားဝယ်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်

     တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) မှ တာဝန်ရှိသူများပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ်အတွင်း School meal/school lunch အစီအစဉ်ဆောင်ရွက်နေသည့် အခြေခံပညာမူလတန်းကျောင်းများသို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့နှင့် (၂၄) ရက်နေ့များတွင် ကွင်းဆင်းကြီးကြပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း High Energy Biscuits ကျွေးမွေးခြင်းကို ရေဖြူမြို့နယ်တွင် (၅၆) ကျောင်း၊ ထားဝယ်မြို့နယ်တွင် (၃၉) ကျောင်းနှင့် ကျောင်းတွင်း နေ့လယ်စာကျွေးမွေးခြင်းကို ထားဝယ်မြို့နယ်တွင် (၁၃) ကျောင်းတို့တွင် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

More Tags