ထားဝယ်မြို့နယ် ထီးခီးနယ်နယ်စပ်ဂိတ်တွင် COVID-19 ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး

ထားဝယ်၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၈ ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ထီးခီးနယ်နယ်စပ်ဂိတ်တွင် COVID-19 ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် (၁၈-၃-၂၀၂၀) ရက်နေ့တွင် သွားရောက်စစ်ဆေးပါသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းက ရှင်းလင်းတင်ပြ ပါသည်။ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး က COVID-19 ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ Fever surveillance ဆောင်ရွက်နေမှုနှင့် သံသယလူနာတွေ့ရှိပါက ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင်  Isolation Ward ဆောင်ရွက်ထားရှိမှုတို့ကိုတင်ပြပါသည်။ ထို့နောက်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် နယ်စပ်ဂိတ်တွင် ကျန်းမာရေးဆောင်ရွက်‌နေမှုကိုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ပါသည်။

 
 

More Tags