ထားဝယ်မြို့နယ်တွင် တိုင်းဒေသကြီးအဆင့် နိုင်ငံတဝန်း ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံ တိုက်ကျွေးခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ထားဝယ်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၂) ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ နိုင်ငံတဝန်း ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံတိုက်ကျွေးခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို တနင်္သာရီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

     အခမ်းအနားတွင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဟိုပင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းက ကာကွယ် ဆေးထိုးနှံရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာပိုလီယို တိုက်ဖျက်ရေးအရာရှိ ဒေါက်တာဝင်းကြူကြူထိုက်မှ ပိုလီယိုရောဂါနှင့် ဝက်သက်-ဂျိုက်သိုးရောဂါ တိုက်ဖျက်ရေးအကြောင်းကို ရှင်းလင်းတင်ပြပါသည်။

 

     အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးနှင့်နှီးနွယ်သော NGOs နှင့် INGOs များ၊ တပ်မတော်ဆေးရုံမှ ဆေးမှူးများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိဦးစီးဌာနများမှ ဌာနဆိုင်ရာ အရာရှိများ စုစုပေါင်းအင်အား (၆၀) ခန့် တက်ရောက်ပါသည်။

More Tags