ထားဝယ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ထားဝယ်မြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်

     ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားကို (၁-၁၂-၂၀၁၉) ရက်နေ့တွင်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းက တနင်္သာရီတိုင်းတွင် ဆောင်ရွက်လျက်ရှိသော ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအကြောင်းကို ရှင်းလင်းတင်ပြပါသည်။

 

     အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် တက်ရောက်လာသူများက ပြသထားသော ကျန်းမာရေးပြခန်းကို ကြည့်ရှုအားပေးကြပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ INGOs နှင့် NGOs အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ ၊ ကျန်းမာရေးဝန်ထမ်းများစုစုပေါင်း (၁၅၀) ခန့် တက်ရောက်ကြပါသည်။

More Tags