ထားဝယ်မြို့တွင် အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲကျင်းပဆောင်ရွက်

ထားဝယ်မြို့၊ မတ်လ (၂၅)ရက်

     တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးရပကနအဖွဲ့မှ အမျိုးသားငှက်ဖျား ရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများအား ဆန်းစစ်အကဲဖြတ်နိုင်ရန်အတွက် External Evaluation of National Malaria Control Programme ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နေ့လည် (၂:၀၀)နာရီတွင် ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး ရပကနအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူးက ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။

 

     အဆိုပါလုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲသို့ ဒေါက်တာစည်သူအောင် ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး)၊ ဒု-တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (ဗဟိုရပကန) ဒေါက်တာကျော့မွန်ဝင်း၊ Dr.Steven Bjorge၊ Dr.Md-Mushfiqur Rahman၊ WHO, Field Project Co-ordinator ဒေါက်တာလွှမ်းမိုးပိုင်တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags