ထားဝယ်မြို့တွင် လူထုအခြေပြုသားဆက်ခြားနည်းလမ်းများ (အရေပြားအောက်သားဆက်ခြားထိုးဆေး) ဆင့်ပွားသင်တန်းကျင်းပ

ထားဝယ်မြို့၊ မတ်လ(၂၆)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ Clinton Health Access Initiative နှင့် UNFPA တို့ပူးပေါင်း၍  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လူထုအခြေပြု သားဆက်ခြားနည်းလမ်း များ (အရေပြားအောက်သားဆက်ခြားထိုးဆေး) ဆင့်ပွားသင်တန်းကို  (၂၀၁၉)ခုနှစ်၊ မတ်(၂၆)ရက်နေ့မှ (၂၈)ရက်နေ့ အထိ ပို့ချသင်ကြားပေးသွားမည်ဖြစ်ပါသည်။


 

     သင်တန်းသို့ ထားဝယ်မြို့နယ်မှ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ၊ အရန်သားဖွားဆရာမ များ စုစုပေါင်း(၇၂)ဦး တက်ရောက်သင်ကြားကြပါသည်။

 
 

More Tags