ထားဝယ်မြို့တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ထားဝယ်မြို့၊ မတ်လ(၂၄)ရက်

     တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီတွင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်၊ မြို့မကြက်စားပြင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထင်ဇော်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားသို့ ဒု-တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး၊ INGO/NGO များနှင့် ရပ်ကွက်ထဲရှိပြည်သူများတက်ရောက်ကာ အဖွဲ့ခေါင်းဆောင် ဆရာဝန်က တီဘီရောဂါ နှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားတွင် သလိပ်ပိုးစစ်ဆေးသူ(၄)ဦးနှင့် ဓါတ်မှန်ရိုက်စစ်ဆေးသူ( ၄၄)ဦးအား တီဘီရောဂါ ရှာဖွေရေးလုပ်ငန်းများစစ်ဆေးဆောင်ရွက်ပေးခဲ့ပါသည်။

More Tags