ထားဝယ်မြို့တွင် ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲနှင့် သင်တန်းပြုလုပ်ကျင်းပ

ထားဝယ်၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၆) ရက်

     တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ထားဝယ်မြို့တွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲနှင့် သင်တန်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့နှင့် (၇) ရက်နေ့တို့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ပညာရေးဦးစီးမှူးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။

 

     ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျောင်းသားလူငယ်များနှင့် ပက်သက်သည့် အမှာစကားများ၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များ၊ ကျောင်းကျန်းမာရေး သီတင်းပတ်ဆောင်ရွက်ရန် ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့ပြင် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှလည်း Physical dance အက ကို လာရောက် သင်ကြားပေးခဲ့ပါသည်။

 

More Tags