ထားဝယ်မြို့တွင် ကျောင်းတွင်းနေ့လည်စာ ကျွေးမွေးခြင်းအစီအစဉ် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

ထားဝယ်မြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်

     ၂၀၁၉ ဇူလိုင်လ ၂၆ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကျောင်းတွင်းနေ့လည်စာကျွေးမွေးခြင်း ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ပညာရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ ဒုခရိုင်ကျန်းမာရေးဦးစီးဌာနမှူး၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဠာန လက်ထောက်ညွှန်ကြားရေးမှူး (မိခင်ကလေး /ကျောင်းကျန်းမာ/ အာဟာရ) ၊ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်မှ မြို့နယ်ပညာရေး ဦးစီးမှူးများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများ၊ ကျောင်းအုပ်ဆရာဆရာမကြီးများ၊ World Food Program (WFP)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

     ထားဝယ်မြို့နယ်အတွင်းရှိ မူလတန်းကျောင်း၁၃ ကျောင်းတွင်နေ့လည်စာကျွေးမွေးခြင်း၊ ထားဝယ်မြို့နယ်နှင့်ရေဖြူမြို့နယ်ရှိ အလယ်တန်းကျောင်း (၉၅) ကျောင်းတွင် အာဟာရပြည့် ဘီစကစ်မုန့်များကျွေးမွေးခြင်း၊ အစီရင်ခံစာပေးတင်ပြခြင်း၊ ကျောင်းဥယျာဉ်စိုက်ပျိုးရန် ကွင်းဆင်းရွေးချယ်ခြင်း လုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။

More Tags