ထားဝယ်မြို့တွင် Integrated Management of Neonatal and Childhood illnesses သင်တန်း (ဒုတိယအသုတ်) ကျင်းပ

ထားဝယ်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၇) ရက်

     တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ Integrated Management of Neonatal and Childhood illnesses သင်တန်းဒုတိယအသုတ်ကို (၇-၁၀-၂၀၁၉) မှ(၁၁-၁၀-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာနှင်းနှင်းလွင်နှင့် စီမံချက်မှ ဆရာများကသင်ကြားပို့ချပေးပါသည်။ အဆိုပါသင်တန်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ ပြည်သူ့ ဆေးရုံများမှ အထက်တန်းသူနာပြုများ၊ သူနာပြုများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ပါသည်။

More Tags