ထားဝယ်မြို့တွင် Electronic Monthly Implementation Reporting System သင်တန်း ကျင်းပ

ထားဝယ်မြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

     တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် Electronic Monthly Implementation Reporting System သင်တန်းကို (၃-၁၂-၂၀၁၉) ရက်နေ့တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း တက်ရောက်ဖွင့်လှစ်ကာ အမှာစကားပြောကြားပါသည်။ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီး ဌာနများမှ သင်တန်းသူ သင်တန်းသား စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ကြပါသည်။

More Tags