တနင်္သာရီမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနား ပြုလုပ်ကျင်းပ

တနင်္သာရီ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အခမ်းအနားကို ၂၀၁၉ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် တနင်္သာရီမြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များမှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များမှ အာဟာရပြည့်ဝမျှတစွာ စားသောက်တတ်စေရန် ချက်ပြုတ်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက် မိခင်များ အပါအဝင် လူဦးရေ (၅၀) ခန့် တက်ရောက်ခဲ့ပါသည်။

More Tags