တနင်္သာရီမြို့၊ ကော့သောင်းမြို့တို့ရှိ အထက်တန်းကျောင်းများ၌ ရာသီတုပ်ကွေး H1N1 ရောဂါ ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

တနင်္သာရီမြို့၊ ဇူလိုင်လ (၁၁) ရက်

     (၁၁-၇-၂၀၁၉) ရက်နေ့တွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းထိုက်သည် တနင်္သာရီမြို့၊ အထက်တန်းကျောင်း၌ ပြုလုပ်သည့် အာဇာနည်နေ့ အကြိုဟောပြောပွဲ၌ သွေးလွန်တုပ်ကွေး ရောဂါနှိမ်နင်းရေးနှင့် ရာသီတုပ်ကွေး H1N1 ရောဂါပညာပေး ဟောပြောခဲ့ပါသည်။

 

     ထို့နောက် (၁၃-၇-၂၀၁၉) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ဇော်သည် ပြည်ကြီးလင် လူမှုရေးအသင်းရုံး၊ ကော့သောင်းမြို့၌ ပြုလုပ်သည့် ပြည်ကြီးခင်အဖွဲ့နှင့် ပါချန်အားမာန်သစ် လူမှုရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်သော ကလေးသူငယ်များအား ကျောင်းအသုံးစရိတ် ထောက်ပံ့ခြင်းအခမ်းအနားတွင် ရာသီတုပ်ကွေး H1N1 ရောဂါနှင့်ပတ်သက်၍ ဟောပြောဆွေးနွေခဲ့ပါသည်။

More Tags