တနင်္သာရီတိုင်းဒေသကြီးအတွင်း ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) အသိပေးဆွေးနွဲပွဲ ကျင်းပ

ထားဝယ်မြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

     တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းသည် (၁၃-၁၁-၂၀၁၉) ရက်နေ့တွင် ထားဝယ်မြို့ ပြည်သူ့ဆေးရုံးကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ဆရာဝန်ကြီးများ၊ MMA အဖွဲ့ဝင်ဆရာဝန်များ၊ အထွေထွေရောဂါကု ဆရာဝန်များကို အသိပေးရှင်းလင်းပွဲ၌ အမှာစကားပြောကြားပါသည်။ အဆိုပါအခမ်းအနား၌ တိုင်းဒေသကြီးအတွင်းရှိ ဆရာဝန်ကြီးများ၊ MMA အဖွဲ့ဝင်ဆရာဝန်များ၊ အထွေထွေရောဂါကု ဆရာဝန်များစုစုပေါင်းအင်အား (၃၅) ဦးခန့် တက်ရောက်ပါသည်။

More Tags