တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနား ပြုလုပ်

လောင်းလုံး၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် လောင်းလုံးမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် လောင်းလုံးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်းနှင့် လောင်းလုံးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ တို့က အမှာစကား ပြောကြားခြင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags