တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအဆင့် တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၉) ကျင်းပ

ထားဝယ်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂)ရက်

     တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအဆင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၉)ကို  (၂၂-၁-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရုံးဟောင်းအစည်းအဝေး ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  တက်ရောက် အမှာစကားပြောကြားပါသည်။

     အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ ရလာဒ်များကို ရှင်းလင်းတင်ပြကြပါသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်များမှ တာဝန်ခံများစုစုပေါင်း (၃၀)ဦးခန့် တက်ရောက် ပါသည်။

More Tags