တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးစတင် ထည့်သွင်းတိုက်ကျွေးခြင်း တိုင်းဒေသကြီးအဆင့် သင်တန်းကျင်းပ

ထားဝယ်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နန်ဝါရီလ (၂၁)ရက်

     တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးစတင် ထည့်သွင်းတိုက်ကျွေးခြင်း တိုင်းဒေသကြီးအဆင့် သင်တန်းကို(၂၁-၁-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဟောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမင်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်ဆရာဝန် ဒေါက်တာမြတ်ဖြူပြာအေးက  ကာကွယ်ဆေးထိုးတိုက်ကျွေး ခြင်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပါသည်။ အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ကြပါသည်။

 

More Tags