တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအဆင့် ဝက်သက်-ဂျိုက်သိုးရောဂါ အပိုဆောင်းထိုးနှံခြင်း သင်တန်းပြုလုပ်

ထားဝယ်မြို့၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်

     တိုင်းဒေသကြီးအဆင့် ဝက်သက်-ဂျိုက်သိုးရောဂါ အပိုဆောင်းထိုးနှံခြင်း သင်တန်းကို  (၂၁-၁၀-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းမှ အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာ ပိုလီယိုရောဂါ တိုက်ဖျက်ရေးအရာရှိ ဒေါက်တာဝင်းကြူကြူထိုက်နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာမြတ်ဖြူပြာအေး တို့က အသေးစိတ်ရှင်းလင်းသင်ကြားပေးပါသည်။အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်များမှ  အခြေခံကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက် ကြပါသည်။

More Tags