တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးလက်ကျန်းမာရေးဌာနသို့ ကွင်းဆင်းစစ်ဆေး

ထားဝယ်၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၈)ရက်

     တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းသည် ၂၈-၁၀-၂၀၁၉  ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးလက် ကျန်းမာရေး ဌာနသို့ သွားရောက် စစ်ဆေးပြီး၊ ကျန်းမာရေးမှူးနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ရန် အမှာစကား ပြောကြားပါသည်။ ခရီးစဉ်အတွင်း  ကျေးလက်ကျန်းမာရေးဌာန ဆေးစတိုနှင့် ကျန်းမာရေးဌာန ဆေးဝါးကုသပေးနေမှု အခြေအနေနှင့် အရန်သားဖွားဆရာမများ၊ လူထုကျန်းမာရေး လုပ်သားများကိုလည်း တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားပါသည်။

 

More Tags