တနင်္သာရီတိုင်းဒေသကြီးတွင် သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကျန်းမာရေးစီမံခန့်ခွဲမှု အစည်းအဝေး ကျင်းပပြုလုပ်

ထားဝယ်မြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်

     သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကျန်းမာရေးစီမံခန့်ခွဲမှု အစည်းအဝေးကို (၁၃-၉-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်သတ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန စသောတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲ စုစုပေါင်း (၂၀) တက်ရောက်ဆွေးနွေးကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ သဘာဝဘေးနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအကြောင်းကို Power Point ဖြင့် အသေးစိတ်ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပါသည်။

More Tags