တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သန်ကောင်ရောဂါအကြောင်းသိကောင်းစရာ ကျန်းမာရေးပညာပေးဟောပြောပွဲ

ရန်ကုန်မြို့၊ စက်တင်ဘာ (၂၁)ရက်

     (၂၁.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာန၊ သင်တန်းခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအား “ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သန်ကောင်ရောဂါအကြောင်းသိကောင်းစရာ ကျန်းမာရေးပညာပေး ဟောပြောပွဲ” ကိုကျင်းပခဲ့ရာ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး တိုင်းအာဟာရလေ့ကျင့်ကွပ်ကဲရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာမို့မို့အောင်မှ တစ်ကိုရေသန့်ရှင်းရေးနှင့် သန်ကောင်ရောဂါအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ ပါသည်။

     ၎င်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အာဟာရလှုပ်ရှားမှု အထိမ်းအမှတ် တီရှပ်များနှင့် ဘောလ်ပင်များ ဝေငှခဲ့ပါသည်။

 

 

 

 

More Tags