တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့−မေးခိုင်ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (Penta 4) စတင်ထည့်သွင်း ထိုးနှံတိုက်ကျွေးခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၇)ရက်

      ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မြို့နယ်အဆင့် ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့−မေးခိုင် ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (Penta 4) စတင်ထည့်သွင်းထိုးနှံတိုက်ကျွေးခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 


     အဆိုပါဆွေးနွေးပွဲတွင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းလဲ့ရည်မှ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့−မေးခိုင်ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး(Penta 4)ကို ပုံမှန် ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံတိုက်ကျွေးမည့် အကြောင်း အရာများနှင့်ပတ်သက်၍ ရှင်းပြဆွေးနွေးခဲ့ပါသည်။ မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

 

More Tags