တိုင်းဒေသကြီးအဆင့် HIV Viral Load Scale-up သင်တန်း မုံရွာမြို့၌ ကျင်းပ

မုံရွာမြို့၊ ဖေဖော်ဝါရီလ (၂၈) ရက်

     တိုင်းဒေသကြီးအဆင့် HIV Viral Load Scale-up သင်တန်းကို မုံရွာမြို့ ဝင်းယူနတီဟိုတယ်တွင် (၂၈.၂.၂၀၁၉) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး (ရောဂါ နှိမ်နင်းရေး) က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

     ထို့နောက် ပိုးကောင်ရေ စစ်ဆေးခြင်း (Viral Load Testing) အကြောင်းကို ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲဌာနမှ တာဝန်ရှိသူက ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာန နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးက ပိုးကောင်ရေစစ်ဆေးခြင်း လုပ်ငန်းမြှင့်တင်ရေး အစီအစဉ် (Viral Load Scale-up Plan)နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။


 

    သင်တန်းသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် HIV Focal Person များ၊ ICAP မှတာဝန်ရှိသူများနှင့် သင်တန်းဆရာများ တက်ရောက်ခဲ့ကြပါသည်။

More Tags