တိုင်းဒေသကြီး၊ ကျေးရွာအခြေပြု ကျန်းမာရေးအသိပညာပေး မြှင့်တင်မှုလုပ်ငန်း စံပြစီမံချက် အကောင်အထည်ဖော်မှု သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ပုသိမ်မြို့တွင် ကျင်းပပြုလုပ်

ပုသိမ်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၂)ရက်

     ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၂-၁၀-၂၀၁၉)ရက်နေ့၌ တိုင်းဒေသကြီး၊ ကျေးရွာ အခြေပြု ကျန်းမာရေးအသိပညာပေးမြှင့်တင်မှုလုပ်ငန်း စံပြစီမံချက်အကောင်အထည်ဖော်မှု သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီဒီယာများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအစတွင် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာ စကား ပြောကြားပါသည်။


     ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်မှ ကျေးရွာအခြေပြု ကျန်းမာရေးအသိပညာပေး မြှင့်တင်မှုလုပ်ငန်း စံပြစီမံချက်အကောင်အထည်ဖော်မှု သုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

More Tags