တိုင်းဒေသကြီး၊ ကျေးရွာအခြေပြု ကျန်းမာရေး အသိပညာပေး မြှင့်တင်မှုလုပ်ငန်း စံပြစီမံချက် အကောင်အထည်ဖော်မှု သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ပုသိမ်မြို့တွင် ကျင်းပပြုလုပ်

ပုသိမ်၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၂)ရက်

     ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၂၂-၁၀-၂၀၁၉)ရက်နေ့၌ တိုင်းဒေသကြီး၊ ကျေးရွာအခြေပြု ကျန်းမာရေးအသိပညာပေးမြှင့်တင်မှုလုပ်ငန်း စံပြစီမံချက် အကောင်အထည်ဖော်မှု သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။    အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မီဒီယာများနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနား အစတွင် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားပါသည်။


     ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်မှ ကျေးရွာအခြေပြု ကျန်းမာရေးအသိပညာပေး မြှင့်တင်မှုလုပ်ငန်း စံပြစီမံချက်အကောင်အထည်ဖော်မှု သုံးသပ်ဆွေးနွေးကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ရှင်းလင်းပြောကြားခဲ့ ပါသည်။

More Tags