တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ ပုသိမ်ဆေးရုံကြီး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ညှိနှိုင်းဆွေးနွေး

ပုသိမ်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁) ရက်

     ဧရာ၀တီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်သည် (၁-၉-၂၀၁၉) ရက်နေ့၌ ပုသိမ်မြို့အထွေထွေရောဂါ ကုဆေးရုံကြီး၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ ဦးဆောင်သောအဖွဲ့နှင့်အတူ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာ၀န်ရှိသူများပါ၀င်ပြီး ပုသိမ်ဆေးရုံကြီးမှ တာ၀န်ရှိသူများနှင့် ဆေးရုံအထောက်အကူပြု အဖွဲ့များအားတွေ့ဆုံကာ လက်ရှိဆောင်ရွက်နေသော ဆေးရုံလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

 

     ထို့နောက်အဆိုပါအဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ဆေးရုံသို့ သွားရောက်၍ ဆေးရုံလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆေးရုံသစ်တည်ဆောက်နေမှုနှင့် ၀န်ထမ်းအိမ်ရာ တည်ဆောက်နေမှုတို့အား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

More Tags