တောင်ကြီးမြို့တွင် သားပျက်သားလျောလူနာ ပြုစုကုသခြင်း စီမံကိန်း စတင်ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအစီအစဉ်များ အသိပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ဖေဖော်ဝါရီ (၂၆) ရက်

     အရည်အသွေးပြည့်ဝသော သားပျက်သားလျောလူနာပြုစုကုသခြင်း စီမံကိန်း စတင်ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအစီအစဉ်များ အသိပေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့၊ ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်မိန့်ခွန်းမြွက်ကြားပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် Ipas အဖွဲ့မှ Country Director ဒေါက်တာနီနီက အဖွင့်နှုတ်ဆက်စကား ပြောကြားပါသည်။

 
 
 

More Tags