တောင်ကြီးမြို့တွင် လူထုဆောင်ရွက်နိုင်သော အလုံးစုံသန့်ရှင်းရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်ခြင်းဆိုင်ရာ လေ့ကျင့်ရေးသင်တန်း ကျင်းပ

တောင်ကြီးမြို့၊ မတ်လ (၁၁) ရက်

     လူထုဆောင်ရွက်နိုင်သော အလုံးစုံသန့်ရှင်းရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်ခြင်းဆိုင်ရာ လေ့ကျင့်ရေးသင်တန်း (Community Approach Total Sanitation Implementation CATS) ကို (၁၁-၃-၂၀၁၉ ရက်နေ့ နံနက်(၉:၀၀)နာရီတွင် တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

     ထို့နောက်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်၊ ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးမှ လုပ်ငန်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော မြို့နယ်များရှိ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၉၀)ဦး တက်ရောက်ပြီး ယင်းသင်တန်းကို (၄)ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

More Tags