တောင်ကြီးမြို့တွင် ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်းလုပ်ငန်းများ ရေးဆွဲရေးနှင့် ပြည်နယ်အစိုးရအဖွဲ့အား အသိပေးတင်ပြခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၀) ရက်

     ပြည်နယ်အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်းလုပ်ငန်းများ ရေးဆွဲရေးနှင့် ပြည်နယ်အစိုးရအဖွဲ့အား အသိပေးတင်ပြခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပကို ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် တောင်ကြီးမြို့၊ ထိန်သာဟိုတယ်၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးခရိုင် မြို့နယ်(၁၀)မြို့နယ်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ (၁၁၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


     အသိပေးတင်ပြခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်မိန့်ခွန်းမြွက်ကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင် ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းအကြောင်း ရှင်းလင်းတင်ပြပါသည်။


     ဆက်လက်ပြီး နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲမှ ဒေါက်တာ လွင်မာလှိုင်က ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။ ထို့နောက်စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။ ဆက်လက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား လည်းကောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိကို လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများအားလည်းကောင်း နှစ်သုတ်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပါသည်။

 

More Tags