တောင်ကြီးမြို့တွင် ငှက်ဘေးမဲ့တော ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပပြုလုပ်

တောင်ကြီးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ငှက်ဘေးမဲ့တော ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို နိုဝင်ဘာလ (၂) ရက်နေ့ နံနက် (၇:၃၀) အချိန်၌ တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရားအတက်လမ်း(ဆေးတက္ကသိုလ်အနီး) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ တောင်ကြီးမြို့နယ်ကျန်းမာရေးဦးစီးမှူးတို့နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိလူကြီးမင်းများမှ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ အလားတူဆိုင်းဘုတ်အား မြစိမ်းတောင် တောင်တက်လမ်းတွင်လည်း စိုက်ထူထားရှိပါသည်။

 

     ယင်းအခမ်းအနားသို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား၊ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

More Tags