တောင်ကြီးမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Pocari Sweat ကုမ္ပဏီတို့ ပူးပေါင်း၍ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကျင်းပ

တောင်ကြီးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Pocari Sweat ကုမ္ပဏီတို့ပူးပေါင်း၍ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု(အလွတ်တန်း၊ အကြီးတန်း၊ သက်ငယ်တန်း)မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က တောင်ကြီးမြို့၊ လေ့ကျင့်ရေးအားကစားရုံရှေ့တွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်၊ Pocari Sweat ကုမ္ပဏီ General Manager Mr.Djake နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် တာလွှတ်ပေးခဲ့ကြပါသည်။


 

     ပြိုင်ပွဲတွင် အလွတ်တန်း(အမျိုးသား/အမျိုးသမီး) ၃၀၀ ဦး၊ အကြီးတန်း (အမျိုးသား/အမျိုးသမီး) ၇၅၀ ဦး၊ သက်ငယ်တန်း(အမျိုးသား/အမျိုးသမီး) ၇၅၀ ဦး၊ စုစုပေါင်း (၁၈၀၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ပြိုင်ပွဲ၌ ဆုရရှိသော အားကစားသမားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

More Tags