တောင်ကြီးမြို့တွင် State Level Training on Rota Birus Vaccine Introduction and Penta-4 Introduction in Routine EPI Programme ကျင်းပ

တောင်ကြီးမြို့၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၄)ရက်                        

     ပြည်နယ်အဆင့် State Level Training on Rota Birus Vaccine Introduction and Penta-4 Introduction in Routine EPI Programme ကို တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၂၁)မြို့နယ်မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် မြို့နယ်အဆင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။


     အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကား ပြောကြားပြီး အထူးရောဂါနှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ရိုတာဗိုင်းရပ်စ်ကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှု၊ သေဆုံးမှုတို့၏ ကမ္ဘာ့အခြေအနေ၊ မြန်မာနိုင်ငံ အခြေအနေနှင့် ရှမ်းပြည်နယ်(တောင်ကြီး)၏ အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နှင့် ကလေးအသက်(၂)လနှင့်(၄)လ အရွယ်တို့တွင် အခြားသော ကာကွယ်ဆေး များနှင့်အတူ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စတင်ထည့်သွင်း တိုက်နှံသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး တိုက်နှံခြင်း၏ အကျိုးကျေးဇူးအား တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်၌ အသက်(၁)နှစ်ခွဲအရွယ်ကလေးများအားလည်း (၅)မျိုးစပ်ကာကွယ်ဆေးကို စတုတ္ထအကြိမ် ထည့်သွင်း ထိုးနှံသွားမည့်အကြောင်း ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများမှလည်း ပြန်လှန်ဆွေးနွေးခဲ့ ကြပါသည်။

More Tags