တောင်ကြီးမြို့တွင် State Level Quarterly Steering Committee Meeting ကျင်းပပြုလုပ်

တောင်ကြီးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်

     State Level Quarterly Steering Committee Meeting ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားကျန်းမာရေးစောင့်ရှောက်မှုပေးနေသာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်ကျန်းမာရေးဦစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအရာရှိ ဒေါက်တာစိုင်းညီမိုးလွင်က Access to Health Fund (State Health Grant) ၏ ၂၀၁၉ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားရှင်းလင်းတင်ပြပါသည်။

     ထို့နောက် ရှမ်းပြည်နယ် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းယုအောင်က ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် အသုံးပြုမည့် ကျန်းမာရေးသတင်းအချက်အလက်သိုလှောင်မည့်နည်းပညာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး UNOPS မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာလင်းလင်းထွန်းက Access to Health Fund နှင့် ကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသာ INGO များ၏ (၆) လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးရာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးကြပါသည်။ ထို့နောက် ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ပါသည်။

More Tags