တောင်ကြီးမြို့တွင် Mid Level Management (MLM) Training, 2019 ကျင်းပ

တောင်ကြီးမြို့၊(၂၀၁၉)ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်

     Mid Level Management (MLM) Training, 2019 ကို တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပြီး ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။    ဆက်လက်၍ EPI, National Consulatant မှ ဒေါက်တာခင်ဝင်းက ကာကွယ်ဆေးလွှမ်းခြုံမှု အဏုစိတ်စီမံချက်ရေးဆွဲပုံကို သင်ကြားပေးပါသည်။ ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ဒေသဆိုင်ရာ ပိုလီယိုစောင့်ကြပ်ကြည့်ရှုရေးအရာရှိ ဒေါက်တာနှင်းအိဖြူက Monitoring the Immunization System အကြောင်းပြောကြားပြီး ပြည်နယ်အထူးရောဂါတိုက်ဖျက်ရေးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဇဝနကိုက Making Disease Surveillance work and partnering with Communities နှင့် ပတ်သက်သည့် သင်ခန်းစာများ သင်ကြားပေးခဲ့ကြပါသည်။


     သင်တန်းသားများသည် တောင်ကြီးမြို့နယ်၊ ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနသို့သွားရောက်ပြီး check list များ လက်တွေ့ကွင်းဆင်းကြည့်ရှုခြင်း၊ နောင်ပစ်ကျေးလက် ကျန်းမာရေး ဌာနခွဲသို့သွားရောက်ပြီး အသက်(၂)နှစ်အောက်ကလေးများ၏ ကာကွယ်ဆေးလွှမ်းခုံနိုင်မှုအား Rapid Convenient Assessment လက်တွေ့ပြုလုပ်ခြင်း၊ အမျိုးသမီးနှင့် ကလေး ဆေးရုံကြီးသို့ သွားရောက်ပြီး ကာကွယ်ဆေးထိုးနေသော လုပ်ငန်းများအား လက်တွေ့ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။     သင်တန်းကို (၁၁-၉-၂၀၁၉)ရက်နေ့မှ (၁၃-၉-၂၀၁၉) ရက်နေ့အထိကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၂၁)မြို့နယ်မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် EPI Focal Person များ တက်ရောက်ခဲ့ပါသည်။

More Tags