တောင်ကြီးမြို့တွင် Inhouse Capacity Building Training ကျင်းပ

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၂၇)ရက်

     Access to Health Fund (State Health Grant) အထောက်အပံ့ဖြင့် Inhouse Capacity Building Training ကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (အုပ်ချုပ်/စီမံ/ဘဏ္ဍာ) ဦးအောင်ဆန်းထွန်းက ရုံးစာရေးသားနည်း၊ ဝင်စာထွက်စာများ အရေးယူ ဆောင်ရွက်ခြင်းနှင့် ဝန်ထမ်းကျင့်ဝတ်နှင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းသင်ကြား ပေးပါသည်။


     အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနခွဲများမှ အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ ဦးစီးအရာရှိများ၊ ဒု-ဦးစီးများ၊ ဌာနခွဲစာရေးကြီးများ၊ အကြီးတန်းစာရေးများ၊ အငယ်တန်းစာရေးများနှင့် အခြားအဆင့်ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

More Tags