တောင်ကြီးမြို့တွင် Inhouse Capacity Building Trainig ကျင်းပပြုလုပ်

တောင်ကြီးမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်

     Access to Health Fund ၏ အထောက်အပံ့ဖြင့် Inhouse Capacity Building Training ကို ယနေ့နံနက်၌ တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်အောင်မျိုးက Update of Dengue Situation in Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(အခြေခံကျန်းမာ၊ ကျန်းမာပညာ၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်) ဒေါက်တာနန်းဆိုင်ဇင်က Fellowship on Health Literacy Promotion Program ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးကြပါသည်။ အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ တက်ရောက်ခဲ့ပါသည်။

More Tags