တောင်ကြီးမြို့တွင် Community Led Total Sanitaiton (CLTS) လုပ်ငန်းဆန်းစစ်ခြင်း အစည်းအဝေးကျင်းပ

တောင်ကြီးမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

     (၁၉-၈-၂၀၁၉) ရက်နေ့နံနက်တွင် ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ UNICEF တို့ ပူးပေါင်းဆောင်ရွက်နေသော Community Led Total Sanitation (CLTS) လုပ်ငန်းဆန်းစစ်ခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်မှ အဖွင့်အမှာစကားပြောကြားပြီး UNICEF မှ တာဝန်ခံအရာရှိ ဒေါ်ခင်မိုးအေးက Workshop ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပါသည်။

 

     ဆက်လက်၍ CLTS ဆောင်ရွက်လျက်ရှိသော ဆီဆိုင်၊ ဖယ်ခုံ၊ မောက်မယ် မြို့နယ် များမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အားသာချက်၊ အားနည်းချက်များကို တင်ပြကြပါသည်။ Social Vision Service (SVS) မှ Program Manager ဦးကျော်နိုင်ထွန်းက လုပ်ငန်းဆောင်ရွက်ချက်ကိုလည်းကောင်း၊ UNICEF မှ Wash Officer ဒေါ်မီမီသော်က Management Information System အကြောင်းကိုလည်းကောင်း တင်ပြဆွေးနွေးကြပြီး တက်ရောက်လာသူများမှလည်း အထွေထွေဆွေးနွေးကြပါသည်။ အဆိုပါအစည်း အဝေးသို့ ဆီဆိုင်၊ ဖယ်ခုံနှင့် မောက်မယ်မြို့နယ်တို့မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

More Tags