တောင်ကြီးမြို့တွင် Communication and Management Training ကျင်းပပြုလုပ်

တောင်ကြီးမြို့ ၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်

     Access to Health Fund အထောက်အပံ့ဖြင့် Communication and Management သင်တန်းကို တောင်ကြီမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကား ပြောကြားပါသည်။

 

     ထို့နောက် ပြည်နယ်ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းယုအောင်က Critical Thinking နှင့် Supportive Supervision ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန်းဆိုင်ဇင်မှ Problem Solving ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များမှ Effective Communication, Conflicts resolutions, Diversity and Generational Differences in the Workplace, Motivation ခေါင်းစဉ်များဖြင့် လည်ကောင်း အသီးသီးသင်ကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းနှင့်ပတ်သက်သည့် Game များ ကစားခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ တောင်ကြီးခရိုင်၊ မြို့နယ်(၁၀)မြို့နယ်မှ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ တက်ရောက်ပြီး သင်တန်းကို (၃) ရက်ကြာကျင်းပခဲ့ပါသည်။

More Tags