တောင်ကုတ်မြို့တွင် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းတိုက် ကျွေးထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

တောင်ကုတ်မြို့၊ (၂၀၁၉)ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင်းရှိ အသက် (၅) နှစ်အောက် ကလေးသေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန်နှင့် (၂၀၂၃) ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေး ရရှိစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းကို မြို့နယ် (၂၃၄) မြို့နယ်တွင် (၂၆.၁၁.၂၀၁၉) ရက်နေ့မှ (၂၈.၁၁.၂၀၁၉) ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်က ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။


     အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများ၊ INGOs/NGOs အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော သတင်းမီဒီယာများ တက်ရောက်ခဲ့ ကြပါသည်။

More Tags