တောင်ကုတ်မြို့တွင် လူထုအတွင်း (၂) နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေးသင်တန်း ပြုလုပ်ကျင်းပ

တောင်ကုတ်မြို့၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်

     ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငါးနှစ်အောက်ကလေးသေဆုံးမှု၏ ထက်ဝက်ကျော်သည် အာဟာရချို့တဲ့မှုနှင့် ဆက်နွယ်နေပါသည်။ ထို့ကြောင့် မိဘ၊ အုပ်ထိန်းသူများမှ မွေးကင်းစ၊ ငါးနှစ်အောက်ကလေးများအား အာဟာရပြည့်စုံစွာ ကျွေးမွေးပြုစုစောင့်ရှောက်တတ်စေရန်၊ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းကို စွမ်းဆောင်ရည်ပြည့် လူထုအတွင်း ဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာ တောင်ကုတ်မြို့တွင် လူထုအတွင်း ၂ နှစ်အောက်ကလေးသူငယ်များ အစာကျွေးခြင်း နှစ်သိမ့်ဆွေးနွေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၂) ရက်နေ့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းအား ပြည်နယ်နှင့်မြို့နယ်အဆင့်မှ သင်တန်းဆရာများက တောင်ကုတ်မြိုနယ်မှ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများအား စက်တင်ဘာလ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ သင်ကြားသွားမည် ဖြစ်ပါသည်။

More Tags