တောင်ကြီးတွင် State Level Annual EPI Evaluation ကျင်းပ

တောင်ကြီးမြို့၊၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ(၂၃) ရက်

     ပြည်နယ်အဆင့် State Level Annual EPI Evaluation ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၂၁)မြို့နယ်မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် မြို့နယ်အဆင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။


     အခမ်းအနားတွင် ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကား ပြောကြားပြီး အထူးရောဂါနှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ရှမ်းပြည်နယ်(တောင်ကြီး)ရှိ မြို့နယ်(၂၁)မြို့နယ်၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ချက်များ၊ ခက်ခဲဒေသ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ချက်များ၊ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ အစုလိုက်ဖြစ်ပွားမှုအပေါ် (၃)နှစ်သာ သုံးသပ်တင်ပြခဲ့ပြီး တက်ရောက် လာသူများမှ မြို့နယ်အလိုက် တစ်နှစ်စာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ အပြန်အလှန် ဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက်လာသူများမှ အစည်းအဝေး ရလဒ်များအပေါ်မူတည်၍ ၂၀၂၀ခုနှစ်တွင် ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးကို (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။  

More Tags